Local/News

ခန္တီးတွင် ပြည်သူ့စစ်မှုထမ်းခေါ်ယူရာတွင် သတ်မှတ်လူဦးရေထက်ကျော်လွန်ခြင်းများနှင့် လမ်းပေါ်တွင်ဖမ်းဆီးမှုများ၊အိမ်အရောက်ဖမ်းဆီးမှုများလုပ်ဆောင်နေမှုများကို လွှတ်တော်တွင် မေးခွန်းထုတ်

22 Jul 2026
2.1K
Banner Image

ကိုဖြိုး (NP News) ဇူလိုင်-၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊နည်းဥပဒေကိုကျော်လွန်ဆောင်ရွက်နေမှုများကို ပြည်သူ့လွှတ်တော်တွင်ကြယ်ပွင့်ပြမေးခွန်းဖြင့်မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခဲ့ကြောင်း ဇူလိုင်(၂၂)ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှသိရသည်။
ခန္တီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဂုဏ်ဝမ်း၏ ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှု့ထမ်းဥပဒေ၊ နည်းဥပဒေကိုကျော်လွန်၍ဆောင်ရွက်နေမှုများကို မည့်ကဲ့သို့ထိန်းညှိဆောင်ရွက်မည်ကိုသိရှိလိုကြောင်း မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမင်းသူက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူဦးရေခွဲတမ်းအရ ခန္တီးမြို့နယ်အတွက် အပတ်စဉ်တစ်ခုလျှင် ခြောက်ဦးနှုန်း သတ်မှတ်ပေးထားကြောင်း ၎င်းက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။
“မိမိတို့ ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနဲ့အညီ လုပ်ဆောင်ရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ခန္တီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် မညီဘဲ အတင်းအဓမ္မ ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ကို တွေ့ရှိရပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက ပြောကြားသည်။
ထို့အပြင်ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းအတွက် အတင်းအဓမ္မဖမ်းဆီးနေမှုများကြောင့် ပြည်သူများ ကြောက်လန့်စွာဖြင့် နေထိုင်သွားလာနေရသည်ကို စိတ်မသက်သာဖွယ်ရာ မြင်တွေ့နေရသည်ဟု ၎င်းက ပြောကြားသည်။
“ဥပဒေနဲ့မညီဘဲ လမ်းမပေါ်၊ မြို့ဝင်ဂိတ်နှင့် လူနေအိမ်ထဲအထိ ဝင်ရောက်ပြီး ဖမ်းဆီးနေခြင်းဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဖမ်းဆီးခံရသူအချို့မှာ ကျောင်းသားများလည်း ပါဝင်နေကြောင်း သိရှိရပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားရာတွင် စစ်မှုထမ်းဥပဒေဖြင့်အကျုံးဝင်သူအရေအတွက်၊ကင်းလွတ်ခွင့်ရသူအရေအတွက်နှင့် ဆင့်ခေါ်ခြင်းခံရသူအရေအတွက်များကို ပြောကြားခဲ့ပြီး ဆင့်ခေါ်ခြင်းခံရသူများမှာလာရောက် မဆက်သွယ်ခြင်းများကြုံတွေခဲ့ကြောင်းပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
“ခွဲတမ်းအတိုင်းအပတ်စဥ်ခေါ်ယူရာမှာ စုစုပေါင်း (၁၄)ဦးကိုသာ‌ခေါ်ယူခဲ့ပါတယ်၊အဲဒီအထဲမှာလေးဦးကတာ ဝန်ထမ်းဆောင်နေပါတယ်။ခြောက်ဦးကတော့ မိဘအိုတွေကိုလုပ်ကျွေးနေရသူနဲ့ကျောင်းသားတွေဖြစ်တာကြောင့်ကင်းလွတ်ခွင့်ရပါတယ်၊ကျန်တဲ့လေးဦးက တရားဝင်ဆင့်ခေါ်တာကိုလာရောက်မဆက်သွယ်တဲ့အတွက် ဥပဒေကျူးလွန်နေသူတွေဖြစ်နေတာ ကြောင့် လမ်းမှာတားဆီးခေါ်ဆောင်တာတွေ၊နေအိမ်မှာသွားရောက်ခေါ်ဆောင်တာတွေပြုလုပ်ခဲ့တာပါ”ဟု ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကပြန်လည်ဖြေကြားခဲ့သည်။
ထိုသို့မဆက်သွယ်သူများကို မြို့ဝင်မြို့ထွက်လုံခြုံရေးဂိတ်များနှင့်နေအိမ်များအထိ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများက စစ်ဆေးခေါ်ဆောင်သွားခြင်းသာဖြစ်ကြောင်းနှင့်ဥပဒေနှင့်အညီသာဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသွားသည်။
“ပြည်သူစစ်မှု့ထမ်းဥပဒေဖေါ်ဆောင်တဲ့နေရာမှာ သက်ဆိုင်ရာအောက်ခြေအာဏာပိုင်တွေအထိ သေချာစောင့်ကြည့်ပြီးအကာင်အထည်ဖေါ်နေတာဖြစ်ပါတယ်”ဟုဗိုလ်ချုပ်မင်းသူကပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့်အနေဖြင့် ဥပဒေနှင့်မညီသော ဆင့်ခေါ်မှုများ မဖြစ်စေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ပြီး လုပ်ကိုင်ဆောင်ရွက်ပါကလည်း ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ဒုတ်ယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

Content image 1

Zawgyi Version;
ခႏၲီးတြင္ ျပည္သူ႔စစ္မႈထမ္းေခၚယူရာတြင္ သတ္မွတ္လူဦးေရထက္ေက်ာ္လြန္ျခင္းမ်ားႏွင့္ လမ္းေပၚတြင္ဖမ္းဆီးမႈမ်ား၊အိမ္အေရာက္ဖမ္းဆီးမႈမ်ားလုပ္ေဆာင္ေနမႈမ်ားကို လႊတ္ေတာ္တြင္ ေမးခြန္းထုတ္
ကိုၿဖိဳး (NP News) ဇူလိုင္-၂၂
စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕နယ္တြင္ ျပည္သူ႔စစ္မႈထမ္းဥပေဒ၊နည္းဥပေဒကိုေက်ာ္လြန္ေဆာင္႐ြက္ေနမႈမ်ားကို ျပည္သူ႔လႊတ္ေတာ္တြင္ၾကယ္ပြင့္ျပေမးခြန္းျဖင့္ေမးျမန္းခဲ့ရာ ျပည္ထဲေရးဝန္ႀကီးဌာနမွ ျပန္လည္ေျဖၾကားခဲ့ေၾကာင္း ဇူလိုင္(၂၂)ရက္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွသိရသည္။
ခႏၲီးၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးဂုဏ္ဝမ္း၏ ခႏၲီးၿမိဳ႕နယ္တြင္ ျပည္သူ႔စစ္မႈ႕ထမ္းဥပေဒ၊ နည္းဥပေဒကိုေက်ာ္လြန္၍ေဆာင္႐ြက္ေနမႈမ်ားကို မည့္ကဲ့သို႔ထိန္းညႇိေဆာင္႐ြက္မည္ကိုသိရွိလိုေၾကာင္း ေမးျမန္းခဲ့ရာ ျပည္ထဲေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးမင္းသူက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚရာတြင္ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လူဦးေရခြဲတမ္းအရ ခႏၲီးၿမိဳ႕နယ္အတြက္ အပတ္စဥ္တစ္ခုလွ်င္ ေျခာက္ဦးႏႈန္း သတ္မွတ္ေပးထားေၾကာင္း ၎က ေမးခြန္းေမးျမန္းစဥ္ ထည့္သြင္းေျပာၾကားသည္။
“မိမိတို႔ ကိုယ္စားလွယ္မ်ားအေနျဖင့္ ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚရာတြင္ ဥပေဒ၊ နည္းဥပေဒမ်ားနဲ႔အညီ လုပ္ေဆာင္ရန္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားႏွင့္ အႀကိမ္ႀကိမ္ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ေသာ္လည္း ခႏၲီးၿမိဳ႕နယ္တြင္ အုပ္ခ်ဳပ္ေရးမႉးမ်ားမွ ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ မညီဘဲ အတင္းအဓမၼ ဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနသည္ကို ေတြ႕ရွိရပါတယ္”ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဂုဏ္ဝမ္းက ေျပာၾကားသည္။
ထို႔အျပင္ခႏၲီးၿမိဳ႕တြင္ ျပည္သူ႔စစ္မႈထမ္းအတြက္ အတင္းအဓမၼဖမ္းဆီးေနမႈမ်ားေၾကာင့္ ျပည္သူမ်ား ေၾကာက္လန႔္စြာျဖင့္ ေနထိုင္သြားလာေနရသည္ကို စိတ္မသက္သာဖြယ္ရာ ျမင္ေတြ႕ေနရသည္ဟု ၎က ေျပာၾကားသည္။
“ဥပေဒနဲ႔မညီဘဲ လမ္းမေပၚ၊ ၿမိဳ႕ဝင္ဂိတ္ႏွင့္ လူေနအိမ္ထဲအထိ ဝင္ေရာက္ၿပီး ဖမ္းဆီးေနျခင္းဟာ ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ နည္းဥပေဒမ်ားကို ေက်ာ္လြန္လုပ္ေဆာင္ေနျခင္းျဖစ္ပါတယ္။ ဖမ္းဆီးခံရသူအခ်ိဳ႕မွာ ေက်ာင္းသားမ်ားလည္း ပါဝင္ေနေၾကာင္း သိရွိရပါတယ္”ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဂုဏ္ဝမ္းက ေျပာၾကားသည္။
ျပည္ထဲေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္မင္းသူက ျပန္လည္ေျဖၾကားရာတြင္ စစ္မႈထမ္းဥပေဒျဖင့္အက်ဳံးဝင္သူအေရအတြက္၊ကင္းလြတ္ခြင့္ရသူအေရအတြက္ႏွင့္ ဆင့္ေခၚျခင္းခံရသူအေရအတြက္မ်ားကို ေျပာၾကားခဲ့ၿပီး ဆင့္ေခၚျခင္းခံရသူမ်ားမွာလာေရာက္ မဆက္သြယ္ျခင္းမ်ားႀကဳံေတြခဲ့ေၾကာင္းျပန္လည္ေျဖၾကားခဲ့ေၾကာင္း သိရသည္။
“ခြဲတမ္းအတိုင္းအပတ္စဥ္ေခၚယူရာမွာ စုစုေပါင္း (၁၄)ဦးကိုသာ‌ေခၚယူခဲ့ပါတယ္၊အဲဒီအထဲမွာေလးဦးကတာ ဝန္ထမ္းေဆာင္ေနပါတယ္။ေျခာက္ဦးကေတာ့ မိဘအိုေတြကိုလုပ္ေကြၽးေနရသူနဲ႔ေက်ာင္းသားေတြျဖစ္တာေၾကာင့္ကင္းလြတ္ခြင့္ရပါတယ္၊က်န္တဲ့ေလးဦးက တရားဝင္ဆင့္ေခၚတာကိုလာေရာက္မဆက္သြယ္တဲ့အတြက္ ဥပေဒက်ဴးလြန္ေနသူေတြျဖစ္ေနတာ ေၾကာင့္ လမ္းမွာတားဆီးေခၚေဆာင္တာေတြ၊ေနအိမ္မွာသြားေရာက္ေခၚေဆာင္တာေတြျပဳလုပ္ခဲ့တာပါ”ဟု ျပည္ထဲေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးကျပန္လည္ေျဖၾကားခဲ့သည္။
ထိုသို႔မဆက္သြယ္သူမ်ားကို ၿမိဳ႕ဝင္ၿမိဳ႕ထြက္လုံၿခဳံေရးဂိတ္မ်ားႏွင့္ေနအိမ္မ်ားအထိ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးပိုင္းမွတာဝန္ရွိသူမ်ားက စစ္ေဆးေခၚေဆာင္သြားျခင္းသာျဖစ္ေၾကာင္းႏွင့္ဥပေဒႏွင့္အညီသာေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျဖၾကားသြားသည္။
“ျပည္သူစစ္မႈ႕ထမ္းဥပေဒေဖၚေဆာင္တဲ့ေနရာမွာ သက္ဆိုင္ရာေအာက္ေျခအာဏာပိုင္ေတြအထိ ေသခ်ာေစာင့္ၾကည့္ၿပီးအကာင္အထည္ေဖၚေနတာျဖစ္ပါတယ္”ဟုဗိုလ္ခ်ဳပ္မင္းသူကေျပာၾကားသည္။
ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး အဖြဲ႕အဆင့္ဆင့္အေနျဖင့္ ဥပေဒႏွင့္မညီေသာ ဆင့္ေခၚမႈမ်ား မျဖစ္ေစေရးအတြက္ စိစစ္ၾကပ္မတ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္းႏွင့္ ဥပေဒ၊ နည္းဥပေဒမ်ားကို ေက်ာ္လြန္ၿပီး လုပ္ကိုင္ေဆာင္႐ြက္ပါကလည္း ထိေရာက္စြာ အေရးယူေဆာင္႐ြက္လ်က္ရွိပါေၾကာင္း ဒုတ္ယဝန္ႀကီးက ျပန္လည္ေျဖၾကားခဲ့သည္။

Comments

Join the conversation. Sign in to post comments.

Related News

ငြိမ်းချမ်းရေး စကားပြောရန် UWSA က နေပြည်တော်လာမည်ဟုသတင်းထွက်နေ

ငြိမ်းချမ်းရေး စကားပြောရန် UWSA က နေပြည်တော်လာမည်ဟုသတင်းထွက်နေ

24 Jul 2026228
မန္တလေး - မြစ်ကြီးနားရထားလမ်းပိုင်းတွင် ရထားသံလမ်းထိန်း ကလစ်များခိုးယူဖျက်ဆီးသူများကို  ဥပဒေနှင့်အညီ အရေးယူသွားမည်

မန္တလေး - မြစ်ကြီးနားရထားလမ်းပိုင်းတွင် ရထားသံလမ်းထိန်း ကလစ်များခိုးယူဖျက်ဆီးသူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်

24 Jul 2026179
မိုးဗြဲရေလှောင်တမံနှင့် စခန်းတစ်ခုကို အကြမ်းဖက်များဖျက်ဆီးခဲ့မှုကြောင့် ကျပ် (၁၀) ဘီလျံခန့် ပျက်စီးဆုံးရှုံးခဲ့

မိုးဗြဲရေလှောင်တမံနှင့် စခန်းတစ်ခုကို အကြမ်းဖက်များဖျက်ဆီးခဲ့မှုကြောင့် ကျပ် (၁၀) ဘီလျံခန့် ပျက်စီးဆုံးရှုံးခဲ့

24 Jul 2026401
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ရဲ့ခရီးစဥ်နဲ့ ပတ်သက်ပြီး ဝေဖန်သူများကို ထိုင်းအစိုးရ တုံ့ပြန်ချေပ

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ရဲ့ခရီးစဥ်နဲ့ ပတ်သက်ပြီး ဝေဖန်သူများကို ထိုင်းအစိုးရ တုံ့ပြန်ချေပ

24 Jul 20262.2K
မြန်မာ့အရေး ကမ္ဘာ့အရေးကို တရုတ်တို့ ရှုမြင်ပုံ ဆောင်းပါးအမှတ်စဉ် (၂၃)  "လွတ်လပ်သော နိုင်ငံငယ်လေးဘဝမှ ကိုလိုနီ နယ်ချဲ့သမားတို့၏ အသုံးချခံအဖြစ်" -  ထိုင်းနိုင်ငံအား နှစ်ပိုင်းကွဲလုနီးပါးဖြစ်စေခဲ့သည့် မြန်မာနိုင်ငံတောင်ပိုင်းမှ ရှည်လျားသွယ်လျသော အမြီးတန်းဒေသ

မြန်မာ့အရေး ကမ္ဘာ့အရေးကို တရုတ်တို့ ရှုမြင်ပုံ ဆောင်းပါးအမှတ်စဉ် (၂၃) "လွတ်လပ်သော နိုင်ငံငယ်လေးဘဝမှ ကိုလိုနီ နယ်ချဲ့သမားတို့၏ အသုံးချခံအဖြစ်" - ထိုင်းနိုင်ငံအား နှစ်ပိုင်းကွဲလုနီးပါးဖြစ်စေခဲ့သည့် မြန်မာနိုင်ငံတောင်ပိုင်းမှ ရှည်လျားသွယ်လျသော အမြီးတန်းဒေသ

24 Jul 2026233

Never Miss a Story

Subscribe to our newsletter for the latest updates.