Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်

“ဒဏ်ရာရတဲ့စစ်သားတွေလည်း ဆေးရုံရောက်မှထပ်ဆုံးတယ်လို့သိရပေမယ့် အတည်ပြုဖို့ ဆက် စုံစမ်းနေပါတယ်”ဟု DDT(ထားဝယ်-ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ၊ (၈)မိုင်နှင့် ဥယျာဥ်ကြီးရွာကြားရှိတံတားပေါ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team – DDT တပ်ဖွဲ့က ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၅ ရက်)နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီ ခြေကျင် စစ်ကြောင်းကို DDT(ထားဝယ်- ပကဖ)ရဲဘော် များ ကြားဖြတ်မိုင်းဆွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက် ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်

တိုက်ခိုက်မှုတွင် မိုင်းလုံးပေါက်ကွဲပြီး တစ်လုံးချို့ယွင်းမှုဖြစ်ခဲ့၍ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီးနောက် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်သဖြင့် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ပြန်ဆုတ်လာခဲ့ရကြောင်း DDT တပ်ဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“ဒဏ်ရာရတဲ့စစ်သားတွေလည်း ဆေးရုံရောက်မှထပ်ဆုံးတယ်လို့သိရပေမယ့် အတည်ပြုဖို့ ဆက် စုံစမ်းနေပါတယ်”ဟု DDT(ထားဝယ်-ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဥယျာဥ်ကြီးကျေးရွာမှ ဒေသခံပြည်သူသုံးဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး စစ်ကြောင်းပြန်ထွက်ချိန်တွင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါရဲဘော်က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဥယျာဥ်ကြီးကျေးရွာမှတဆင့် အညာဖျားရွာသို့ဝင်ရောက်ရာတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် မပေါက်ကွဲသေးသည့် လက်နက်ကြီးအချို့ကို တော်လှန်ရေးရဲဘော်များက သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ရွှေကူတိုက်ပွဲ နှစ်လတာအတွင်း စစ်တပ်ဘက်ကထိခိုက်​သေဆုံးမှုများပြားဟုစစ်ရေးသတင်းရင်းမြစ်​ပြော

ကချင်ပြည်နယ်ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ဘက်​က​သေဆုံးထိခိုက်များပြား​နေတယ်လို့ကချင်စစ်ရေးတသင်းရင်းမြစ်အချို့ကပြောပါတယ်။

(​ရွှေကူမှာ စစ်သား​တွေကို KIA နဲ့ပူး​ပေါင်းတပ်​​တွေက ဒရုန်းနဲ့ တိုက်ခိုက်စဥ်။ဓါတ်ပုံ-File)

ဇူလိုင်-၃၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ဘက်​က​သေဆုံးထိခိုက်များပြား​နေတယ်လို့ကချင်စစ်ရေးတသင်းရင်းမြစ်အချို့ကပြောပါတယ်။

စစ်တပ်ကရှမ်းမြောက်မဘိမ်းမြို့နယ်၊ငါးအိုးဒေသကနေရွှေကူကိုစစ်အင်အားဖြည့်ပြီးဗန်းမော်ကို စစ်ကူပို့ကြိုးပမ်းလာလို့မေလလဆန်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ငါးအိုး-ရွှေကူကြားတိုက်ပွဲ ပြင်းထန်ခဲ့သလို လက်ရှိဗန်းမော်ကို ဦးတည်နေတဲ့ စစ်တပ်စစ်ကြောင်းဟာလည်း KIA ရဲ့ ဖြတ်​တောက်တိုက်ခိုက်မှုကြောင့် အထိနာပြီးတပ်ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရွှေကူတိုက်ပွဲတော့ စ…တွေ တော်တော်သေနေပြီ။ တော်တော်များသွားပြီ။ ကျနော်ထင်တာ ၃၀၀ ကျော်လောက်ရှိပြီ ။ သေတာနဲ့ ဒဏ်ရာရရတာနဲ့ဆိုရင် ၄၀၀၊ ၅၀၀လောက်ရှိပြီ။နေ့တိုင်းသေနေတာ။တရက်ကို ၁၀ယောက်ကျော်၊ တခါတလေ အယောက် ၂၀၊ တခါတလေ ကျရင် ၃၀ အဲဒီလို သေတာ။ လက်နက်တွေနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေ လက်နက်ခဲယမ်းတွေကတော့ နေ့တိုင်းကိုရတာ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

ရွှေကူဒေသဟာ KIAတပ်မဟာ(၁၁) တပ်ရင်း(၁၂)နယ်မြေ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် မဟာမိတ်တွေနဲ့ပူးပေါင်းကာစစ်တပ်ကိုခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

ကချင်သတင်းရင်းမြစ်အချို့နဲ့ PDF တပ်ရင်းအချို့ရဲ့ရွှေကူဒေသတိုက်ပွဲ ရုပ်သံ တွေအရ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးဘက်က အသေခံဒရုန်းတွေနဲ့ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ရုပ်သံမှတ်တမ်းတွေမှာ စစ်သား​တွေရှိတဲ့​နေရာမျိုးစုံကို ဒရုန်း​တွေနဲ့ တိုက်ခိုက်​ချေမှုန်း ​​နေတာကိုတွေ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာရွှေကူကို မြေပြင်ကနေ စစ်အင်အားလက်နက်ခဲယမ်းရိက္ခာဖြည့်တင်းနိုင်ခြင်း မရှိတဲ့ အခြေအနေမှာ လေကြောင်းကနေ ခဲယမ်းရိက္ခာဖြည့်တင်းမှုတွေရှိတယ်လို့ သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။

ရွှေကူရှိ ခလရ(၅၆)၊ ခမရ(၆၀၂) တပ်ထဲကို စစ်တပ်ကဇူလိုင် ၂ရက်ညနေပိုင်းမှာ လေကြောင်းကနေ ရိက္ခာခဲယမ်းလာချပေးသွားတယ်လို့ ကချင်စစ်ရေး အခြေအနေတွေအသိပေးနေသူ တဦးက ရုပ်သံမှတ်တမ်းဖော်ပြ အသိပေးပါတယ်။ဒါ့အပြင် ရွှေကူဝန်းကျင်၊ ကသာ၊ နဘားလမ်းဆုံ နဲ့ အင်းတော်ကြီးဒေသ လုံးတုံ ဘက်မှာ KIA၊PDF နဲ့ စစ်တပ်အကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း သတင်းရင်းမြစ်က ရေးသားထားပါတယ်။

ကချင်ဒေသ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ် မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့ဦးတည်လညတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ စစ်တပ် အထိနာတပ်လန်ပြီး ရွတပ်ပြန်ဆုတ်သွားရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့ ၊တောင်ဥက္ကလာနဲ့ သာကေတမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဏာသိမ်းစစ်တပ်က ယမန်​နေ့ညကဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံး ထိုးစစ်ဆင်

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

(နန်းမယ်ခုံမြို့တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်း။ ဓာတ်ပုံ - ဗိုလ်လင်းယုန်)

ဇူလိုင် -၂၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

ကရင်နီပြည်နယ်ရဲ့၀င်ပေါက်ဖြစ်တဲ့ ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့ကနေတဆင့် ဒီးမော့ဆိုမြို့နယ် အထက်ခြမ်းက နန်းမယ်ခုံမြို့ကို စစ်တပ်ရဲ့ထိုးစစ်ဆင်မှုဟာ ပြီးခဲ့တဲ့ဇွန်လကစပြီး အရှိန်မြှင့်လာတယ်လို့ ဆိုပါတယ်။

“‌ သူတို့ဘက်က ပစ(စစ်မှုထမ်း)တွေကိုအလွန်အကျွံ့သုံးပြီး လူလိုင်းလုံး စစ်ဆင်ရေးပုံစံနဲ့ ထိုးနေတာ။နေ့တိုင်းထိတွေ့မှု့ဖြစ်နေတယ်”လို့ ရှမ်း-ကရင်နီပူးပေါင်းတပ် တာ၀န်ရှိသူတစ်ဦးက ‌ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဇွန်လ ၂၈ ရက် တိုက်ပွဲမှာ ဖမ်းမိခဲ့သူ ၂ဦးကလည်း စစ်မှုထမ်း ၂ဦး ဖြစ်တယ်လို့ အသိပေးပါတယ်။

” ရထားတဲ့နေရာတွေကို ကာထားတဲ့အခြေအနေပဲ။စကစ ဘက်က အင်အားက ၅၀၀ကျော်လောက်ရှိတယ်”လို့ ကရင်နီရဲဘော်တစ်ဦးက မိုးဗြဲ မြို့တိုက်ပွဲ အခြေအနေကို ရှင်းပြပါတယ်။

မိုးဗြဲမြို့အနီးက လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ခေါင်းဝံ လမ်းနဲ့ နန်းမယ်ခုံမြို့ဘက်က

နေရာတွေကို အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဇွန်လ ၃၀ ရက်ကစပြီး တားမြစ်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

“နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိန်းချုပ်လို့ရသွားမယ့်အခြေ အနေ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးဗြဲမြို့နဲ့ မိုင် ၂၀ ၀န်းကျင်အကွာ မိုးဗြဲ – ဒီးမော့ဆိုမြို့နယ်ကြားမှာ ရှိတဲ့ နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ဘက်​က​သေဆုံးထိခိုက်များပြား​နေတယ်လို့ကချင်စစ်ရေးတသင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့ဦးတည်လညတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ စစ်တပ် အထိနာတပ်လန်ပြီး ရွတပ်ပြန်ဆုတ်သွားရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့ ၊တောင်ဥက္ကလာနဲ့ သာကေတမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဏာသိမ်းစစ်တပ်က ယမန်​နေ့ညကဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ဗန်းမော်မြို့ဦးတည်လာတဲ့ စစ်တပ် KIA ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် တပ်လန်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့ဦးတည်လညတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ စစ်တပ် အထိနာတပ်လန်ပြီး ရွတပ်ပြန်ဆုတ်သွားရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(ရှေ့တန်းထွက်ဖို့ပြင်ဆင်နေတဲ့ KIA ဂေါ်ရခါးတပ်ရင်းရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ-Jithu Magar)

ဇူလိုင်-၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့ဦးတည်လညတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ စစ်တပ် အထိနာတပ်လန်ပြီး ရွတပ်ပြန်ဆုတ်သွားရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ဗန်းမော်မြို့ကို စစ်တပ်က မြေပြင်ကနေ အင်အားဖြည့်နိုင်ဖို့ အင်အားအလုံးအရင်း အသုံးပြု ထိုးစစ်ဆင်နေတာကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေရာ နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။

“ငါးအိုးနဲ့ ရွှေကူကြား ကျနော်တို့ ထိန်းချုပ်ထားဆဲ။လမ်းက အကုန်လုံးပိတ်လိုက်ပြီ။ ကျနော်တို့ ဖြတ်တောက်ပြီးမှ ပိတ်လိုက်ပြီ။ ရွှေကူကနေ ထွက်လာတဲ့ အဖွဲ့တွေက အထက် လေးလမ်းဆုံကနေ သူတို့ မကျော်နိုင်ဘူး။ အထက်လေးလမ်းဆုံကနေ ပြန်ဆုတ်တာ။ ရွှေကူကနေ ထွက်လာတာ အထက်ဘက်ကိုပေါ့။ ဗန်းမော်ဘက်ကို ထွက်လာတာ။ အဲဒါ အထက် လေးလမ်းဆုံဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်တာ နှစ်ရက်သုံးရက်ရှိပြီ။ သူတို့ တော်တော်လေး အကျအဆုံးများပြီး ပြန်ဆုတ်တာ ရွှေကူဘက် ပြန်ဆုတ်တာ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးဒေသကနေ ရွှေကူမြို့ကို အင်အားဖြည့်တင်းပြီး ဗန်းမော်မြို့ကို စစ်ကူပို့နိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဒါပေမဲ့ စစ်တပ်အထိနာလျက်ရှိပြီး သေဆုံးတာ၊ အရှင်ဖမ်းမိတာ၊ လက်နက်ခဲယမ်းသိမ်းရတာတွေ နေ့စဉ်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခုရက်ပိုင်းက ရွှေကူနယ် လေးလမ်းဆုံတိုက်ပွဲမှာလည်း ရုပ်အလောင်းတွေ ပစ်ထားပြီး စစ်တပ်ဟာ ရွှေကူမြို့ဘက် ဆုတ်ခွာသွားတာလို့ ပြောပါတယ်။

တဖက်မှာလည်း စစ်တပ်ဟာ ရွှေကူမြို့ကို လေကြောင်းကနေ ရိက္ခာခဲယမ်း ဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ရွှေကူမြို့နယ်တိုက်ပွဲ အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။