Local/News

Miss Grand Myanmar ပြိုင်ပွဲအစီအစဉ်များကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း

6 May 2026
701
Banner Image

ထိုက်စံ (NP News) - မေ ၆

Miss Grand Myanmar ပြိုင်ပွဲအစီအစဉ်များကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း Miss Grand Myanmar Organization က မေလ (၆)ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
လတ်တလောဖြစ်ပေါ်နေသောကိစ္စရပ်များကြောင့် Miss Grand Myanmar ပွဲ၏ ကျင်းပရန် ကျန်ရှိသော Preliminary Competition နှင့် Grand Final ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် (မေ ၄ ရက်) က Miss Grand Myanmar Organizationက ကျင်းပခဲ့သော အမျိုးသားဝတ်စုံပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ် အလှမယ် အိမွန်လွင် က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ တာချီလိတ်အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း Miss Grand Myanmar Organization က ထုတ်ပြန်ထားပြီးဖြစ်သည်။
ထို့ပြင် အလှမယ် အိမွန်လွင် အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ မေလ (၅) ရက်က ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်း သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Content image 1

Zawgyi Version;
Miss Grand Myanmar ၿပိဳင္ပြဲအစီအစဥ္မ်ားကို အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္း
ထိုက္စံ (NP News) - ေမ ၆
Miss Grand Myanmar ၿပိဳင္ပြဲအစီအစဥ္မ်ားကို အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း Miss Grand Myanmar Organization က ေမလ (၆)ရက္တြင္ ထုတ္ျပန္ေၾကညာထားသည္။
လတ္တေလာျဖစ္ေပၚေနေသာကိစၥရပ္မ်ားေၾကာင့္ Miss Grand Myanmar ပြဲ၏ က်င္းပရန္ က်န္ရွိေသာ Preliminary Competition ႏွင့္ Grand Final ကို အကန္႔အသတ္မရွိ ေ႐ႊ႕ဆိုင္းျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ (ေမ ၄ ရက္) က Miss Grand Myanmar Organizationက က်င္းပခဲ့ေသာ အမ်ိဳးသားဝတ္စုံၿပိဳင္ပြဲႀကီးတြင္ ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္သည့္ တာခ်ီလိတ္ အလွမယ္ အိမြန္လြင္ က ေထရဝါဒဗုဒၶဘာသာ သာသနာ့အႏြယ္ဝင္ သီလရွင္ဝတ္စုံကို ဝတ္ဆင္ၿပီး Model Show ေလွ်ာက္ကာ ယွဥ္ၿပိဳင္ခဲ့ၿပီး အဆိုပါ တာခ်ီလိတ္အလွမယ္အား ၿပိဳင္ပြဲမွ ထုတ္ပယ္ေၾကာင္း Miss Grand Myanmar Organization က ထုတ္ျပန္ထားၿပီးျဖစ္သည္။
ထို႔ျပင္ အလွမယ္ အိမြန္လြင္ အပါအဝင္ ယင္းၿပိဳင္ပြဲက်င္ပေရးႏွင့္ဆက္စပ္သည့္ တာဝန္ရွိသူမ်ားအား လိုအပ္သလို စိစစ္ေဖာ္ထုတ္အေရးယူေပးႏိုင္ပါရန္ ျပည္ထဲေရးဝန္ႀကီးဌာနသို႔ ေမလ (၅) ရက္က ညႇိႏႈိင္းေမတၱာရပ္ခံထားေၾကာင္း သာသနာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

Content image 2

Comments

Join the conversation. Sign in to post comments.

Related News

အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကိုထိထိရောက်ရောက် ခုခံနိုင်စွမ်းရှိသည့် UAE ကို အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ချီးကျူး

အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကိုထိထိရောက်ရောက် ခုခံနိုင်စွမ်းရှိသည့် UAE ကို အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ချီးကျူး

7 May 2026166
သမ္မတကတော်ဟောင်းကို ထောင်ဒဏ် (၄) နှစ်ချမှတ်ခဲ့သည့် တရားသူကြီး ကို တောင်ကိုရီးယားတရားရုံးအပြင်ဘက်တွင် သေဆုံးလျက်ရှိတွေ့ရှိဟုဆို

သမ္မတကတော်ဟောင်းကို ထောင်ဒဏ် (၄) နှစ်ချမှတ်ခဲ့သည့် တရားသူကြီး ကို တောင်ကိုရီးယားတရားရုံးအပြင်ဘက်တွင် သေဆုံးလျက်ရှိတွေ့ရှိဟုဆို

7 May 2026651
နိုင်ငံတော်မှ (၃) နှစ်အတွင်း လူရည်ချွန် (၁၇၀၀)ကျော် ရွေးချယ်နိုင်ခဲ့

နိုင်ငံတော်မှ (၃) နှစ်အတွင်း လူရည်ချွန် (၁၇၀၀)ကျော် ရွေးချယ်နိုင်ခဲ့

7 May 202644
Miss Grand Myanmar ပြိုင်ပွဲအစီအစဉ်များကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း

Miss Grand Myanmar ပြိုင်ပွဲအစီအစဉ်များကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း

7 May 2026701
ငလျင်ဒဏ်သင့် ဆွမ်းဦးပုညရှင်စေတီတော်ကြီး၏ ပြုပြင်မွမ်းမံမှုများ ယခုနှစ်အတွင်း ပြီးစီးနိုင်

ငလျင်ဒဏ်သင့် ဆွမ်းဦးပုညရှင်စေတီတော်ကြီး၏ ပြုပြင်မွမ်းမံမှုများ ယခုနှစ်အတွင်း ပြီးစီးနိုင်

7 May 202625

Never Miss a Story

Subscribe to our newsletter for the latest updates.