ထိုက်စံ (NP News) - မေ ၅
Miss Grand Myanmar ပွဲစဉ်တွင် မယ်သီလရှင်ပုံစံဖြင့် ပါဝင်ယှဉ်ပြိုင်သူ တာချီလိတ်အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း Miss Grand Myanmar Organization က ထုတ်ပြန်ထားသည်။
ယမန့်နေ့(မေ ၄ ရက်)က Miss Grand Myanmar Organizationက ကျင်းပခဲ့သော အမျိုးသားဝတ်စုံပြိုင်ပွဲကြီးကို တိုင်းရင်းသားလူမျိုးပေါင်းများစွာနှင့် ကိုးကွယ်ရာ ဘာသာတရားများအားလုံးကို လေးစားသော စိတ်ဖြင့်သာ ပြုလုပ်ခဲ့ကြောင်း ၊ Miss Grand Myanmar Organization အနေဖြင့် Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များ အား မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအား အကြည်အညိုမဲ့ စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အလှမယ်သည် ပြိုင်ပွဲဝင်မည့်ရက်မတိုင်ခင် Full Rehearsal နှစ်ကြိမ်လုံးတွင် ထိုသို့ မယ်သီလရှင်ပုံစံဖြင့် သရုပ်ဆောင်မှုကို ကြိုတင်ပြသထားခြင်းမရှိဘဲ မည်သည့် Supervisor, Admin တာဝန်ရှိသူများအား ထိုအစီအစဉ်ကို အရိပ်အမြွက်ပင်ဖြစ်စေ ကြိုတင် အကြောင်းကြားထားမှု မရှိကြောင်း သိရသည်။
ထိုသို့ ယှဉ်ပြိုင်ခဲ့သည့်အတွက် ပြိုင်ပွဲဝင်ပြိုင်သည့် စာချုပ်ပါစည်းကမ်းအရ “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေ ညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဆိုသော အချက်အား လျစ်လျူရှုပြီး မြန်မာပြည်၏ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင် ပြုရာ ရောက်ခြင်း စသည့် အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မယ္သီလရွင္ပုံစံျဖင့္ ပါဝင္ယွဥ္ၿပိဳင္သူ တာခ်ီလိတ္အလွမယ္အား Miss Grand Myanmar ၿပိဳင္ပြဲမွ ထုတ္ပယ္
ထိုက္စံ (NP News) - ေမ ၅
Miss Grand Myanmar ပြဲစဥ္တြင္ မယ္သီလရွင္ပုံစံျဖင့္ ပါဝင္ယွဥ္ၿပိဳင္သူ တာခ်ီလိတ္အလွမယ္အား ၿပိဳင္ပြဲမွ ထုတ္ပယ္ေၾကာင္း Miss Grand Myanmar Organization က ထုတ္ျပန္ထားသည္။
ယမန႔္ေန႔(ေမ ၄ ရက္)က Miss Grand Myanmar Organizationက က်င္းပခဲ့ေသာ အမ်ိဳးသားဝတ္စုံၿပိဳင္ပြဲႀကီးကို တိုင္းရင္းသားလူမ်ိဳးေပါင္းမ်ားစြာႏွင့္ ကိုးကြယ္ရာ ဘာသာတရားမ်ားအားလုံးကို ေလးစားေသာ စိတ္ျဖင့္သာ ျပဳလုပ္ခဲ့ေၾကာင္း ၊ Miss Grand Myanmar Organization အေနျဖင့္ Arrival Day သၾကၤန္ Theme ကတည္းက သက္ဆိုင္ရာ City Director မ်ားႏွင့္ အလွမယ္မ်ား အား ျမန္မာ့ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေစေသာ၊ ကိုးကြယ္ရာ ဘာသာတရားအား အၾကည္အညိဳမဲ့ ေစေသာ ျပင္ဆင္မႈမ်ား မျပဳလုပ္လာရန္ အေသးစိတ္ မွာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ အလွမယ္သည္ ၿပိဳင္ပြဲဝင္မည့္ရက္မတိုင္ခင္ Full Rehearsal ႏွစ္ႀကိမ္လုံးတြင္ ထိုသို႔ မယ္သီလရွင္ပုံစံျဖင့္ သ႐ုပ္ေဆာင္မႈကို ႀကိဳတင္ျပသထားျခင္းမရွိဘဲ မည္သည့္ Supervisor, Admin တာဝန္ရွိသူမ်ားအား ထိုအစီအစဥ္ကို အရိပ္အႁမြက္ပင္ျဖစ္ေစ ႀကိဳတင္ အေၾကာင္းၾကားထားမႈ မရွိေၾကာင္း သိရသည္။
ထိုသို႔ ယွဥ္ၿပိဳင္ခဲ့သည့္အတြက္ ၿပိဳင္ပြဲဝင္ၿပိဳင္သည့္ စာခ်ဳပ္ပါစည္းကမ္းအရ “ႏိုင္ငံေတာ္ကို အၾကည္အညိဳပ်က္ေစေသာ၊ Organization ကို ဂုဏ္သေရ ညႇိဳးႏြမ္းေစေသာ အျပဳအမူ၊ အေျပာအဆို၊ အေနအထိုင္မ်ား ေဆာင္႐ြက္မိပါက ၿပိဳင္ပြဲမွ ထုတ္ပယ္ခံရ မည္” ဆိုေသာ အခ်က္အား လ်စ္လ်ဴရႈၿပီး ျမန္မာျပည္၏ လူဦးေရအမ်ားစု ကိုးကြယ္ရာ ဗုဒၶဘာသာကို မထီမဲ့ျမင္ ျပဳရာ ေရာက္ျခင္း စသည့္ အခ်က္မ်ားေၾကာင့္ ၿပိဳင္ပြဲစည္းကမ္းအရ ထုတ္ပယ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။