Preview

နိုင်ငံခြားဖြစ် အရက်၊ ဘီယာများကို AA က သင်္ကြန်ကာလအတွင်း တင်သွင်းရောင်းချခွင့်ပြု

ကျော်သီဟ | လွန်ခဲ့သော ၁၉ နာရီ က | ကြည့်ရှုသူ :436
ရခိုင် သတင်း

ကျော်သီဟ၊ နိရဉ္စရာ၊ ဧပြီ ၂/ ၂၀၂၆

နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း တင်သွင်းရောင်းချခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါအရက်နှင့် ဘီယာများတင်သွင်းခွင့်ကို ဧပြီလ ၂ ရက်မှ ၁ဝ ရက်အထိသတ်မှတ်ထားပြီး ရောင်းချခွင့်ကို ဧပြီ ၁ ရက်မှ မေလ ၃၀ ရက်နေ့အထိ ယာယီခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း AA က ယမန်နေ့ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုထုတ်ပြန်ချက်မထုတ်ပြန်မီ ခွင့်ပြုချက်မရှိဘဲ တင်သွင်းထားသည့် ပြည်ပထုတ် အရက်နှင့်ဘီယာများကို ယခုထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက် ခုနစ်ရက်အတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဌာနတွင် အခွန်ပေးဆောင်ပြီးမှသာ ရောင်းချခွင့်ရရှိမည်ဖြစ်သည်။

ရခိုင်လွတ်မြောက်နယ်မြေတစ်ခုတွင်နေထိုင်သည့် ကိုကျော်ဟိန်းစိုးက သင်္ကြန်လအတွင်း ယခုထုတ်ပြန်ချက်ကိုသိရသည့်အတွက် ဝမ်းသာမိသည်ဟု နိရဉ္စရာကို ပြောသည်။

"နိုင်ငံခြားအရက်သောက်ရရင်တော့ ကောင်းတာပေါ့။ ခုချိန်မှာ တောအရက်သောက်ရလို့ အသေ‌စော‌တော့မယ်။ မျက်နှာကလည်း ကောက်ညှင်းကြော်လိုဖြစ်နေပြီ။ နိုင်ငံခြားအရက်သောက်ရတာတော့ ပိုကြိုက်တယ်။ ပိတ်ထားတာနဲ့ယှဉ်ရင် ခွင့်ပြုလိုက်တာ ပိုကောင်းတယ်" ဟု ပြောသည်။

သတ်မှတ်ကာလကုန်ပြီးနောက် နိုင်ငံခြားဖြစ်အရက်များကို ဆက်လက်တင်သွင်းခြင်းနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ဆက်လက်လုပ်‌ဆောင်နိုင်ရန် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးဌာနမှတဆင့် အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့(Alcohol Control Board - ACB)သို့ လျှောက်ထားနိုင်ပြီး လိုင်စင် (သို့မဟုတ်) ခွင့်ပြုမိန့်ရပြီးမှ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ထုတ်ပြန်ထားသည့်စည်းကမ်းချက်များကို မလိုက်နာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ပြီး နာမည်ပျက်စာရင်း(Black-List)တွင် ထည့်သွင်းခံရမည်ဖြစ်ပြီး နောက်တွင် လိုင်စင်လျှောက်ထားခွင့်ကိုလည်း ပိတ်ပင်ခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ယခုခွင့်ပြုလိုက်သည့်အရက်၊ ဘီယာများတွင် အကြမ်းဖက်မြန်မာစစ်တပ်ထုတ် အရက်နှင့် ဘီယာများ ပါဝင်မှုမရှိဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ ရခိုင်ဒေသအတွင်း တရားမဝင် ပြည်မနှင့် ပြည်ပထုတ် အရက်၊ ဘီယာနှင့် ဝိုင်စသည့် ယစ်မျိုးကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုံးဝပိတ်ပင်တားမြစ်ထားခြင်း ဖြစ်သည်။

ယင်းသို့ပိတ်ပင်ပြီးနောက် ရခိုင်ဒေသထွက် တောအရက်(ဆန်အရက်)ကိုသာ ထုတ်လုပ်ရောင်းချသောက်သုံးခွင့်ပေးထားသည်။

ဓာတ်ပုံ - BOLAY Liquor Store
---
Narinjara မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးနဲ့ သတင်းတွေ အချိန်နဲ့ တစ်ပြေးညီ တင်ပြပေးနိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။

လူကြီးမင်းတို့ရဲ့ အကူအညီတွေကို ဒီလင့်ကနေ https://donorbox.org/narinjara-news ဝင်ရောက်ပံ့ပိုးနိုင်ပြီး လူကြီးမင်းတို့ရဲ့ ပူးပေါင်းပါဝင် ကူညီထောက်ပံ့မှုနဲ့ စေတနာ တရားအတွက် ကျေးဇူး အထူးတင်ပါတယ်။

ဆက်သွယ်ရန်: narinjara.info@gmail.com (or) narinjara.news@gmail.com နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

Website (Burmese) https://burmese.narinjara.com/

Website ( English) https://www.narinjara.com/

Twitter - https://twitter.com/narinjaran?lang=en

Facebook (မြန်မာသတင်း) https://www.facebook.com/narinjara.info/

Facebook (အင်္ဂလိပ်သတင်း) https://www.facebook.com/Narinjaraenglish/

Facebook (TV သတင်း) https://www.facebook.com/narinjaratv/

Telegram - https://t.me/narinjaranews

TikTok Link – https://www.tiktok.com/@narinjara

Youtube https://www.youtube.com/watch?v=kK83QHgwd9g
---

#နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများ#လူမှုရေးရာ

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

လွတ်လပ်သော နိရဉ္စရာသတင်းဌာနကို ပံ့ပိုးကူညီပါ

ဆက်စပ် အကြောင်းအရာများ

လွန်ခဲ့သော ၂၁ နာရီ က

လူမှုရေးကိစ္စများကို စုပေါင်းဖြေရှင်းရန် တောင်ကိုရီးယားနိုင်ငံရောက် ရခိုင်မှလူဦးရေစာရင်းကို ကောက်ယူနေ

မတ် ၃၁/ ၂၀၂၆

အိန္ဒိယတွင် ဆေးကုနေရသည့် ကျောက်ကပ်ဝေဒနာသည် ရခိုင်အမျိုးသမီး အကူအညီများလိုအပ်နေ

မတ် ၂၉/ ၂၀၂၆

ချိပ်ပိတ်ခံထားရသည့်နေအိမ်များအား ပြန်လည်စိစစ်ပြီး အချို့အိမ်များကို ပြန်လည်လွှဲအပ်ပေးနေဟု AA ပြော

မတ် ၂၈/ ၂၀၂၆

မြန်မာတွင် ကလေးငယ် ၄ ဒသမ ၉ သန်း အကူအညီလိုအပ်နေ

မတ် ၂၇/ ၂၀၂၆

စစ်တွေမှ လူသိများထင်ရှားသည့် ဆရာဦးကျော်မောင် ရန်ကုန်တွင် ကွယ်လွန်

မတ် ၂၇/ ၂၀၂၆

ထိုင်းနိုင်ငံ အဝေးပြေးလမ်းမတစ်ခုတွင် မြန်မာအလုပ်သမားကိုးဦး အဖမ်းခံရ

လွန်ခဲ့သော ၉ နာရီ က

ရခိုင်တွင်ဆရာဝန်အယောင်ဆောင်ကာ  ဆေးကုသနေသူနှစ်ဦးကို AA စစ်ဆေးဖော်ထုတ် အရေးယူ

လွန်ခဲ့သော တစ်ရက် က

AA က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား၁၄ဦးကို ပြန်လွှတ်ပေး

လွန်ခဲ့သော ၂ ရက် က

သံတွဲဗုံးကြဲခံရ၍ စစ်ရှောင်အမျိုးသမီးလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရဟု AA ထုတ်ပြန်

ဧပြီ ၀၁/ ၂၀၂၆

အမ်းမြို့တွင် တရားမဝင်ရောင်းချနေသည့် အရက်နှင့် ဘီယာများကို ဒီလပ်ဖမ်းဆီး

မတ် ၃၁/ ၂၀၂၆

စစ်တွေတိုက်ပွဲတွင် AA ၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးဒဏ်ရာရသူများပြားသဖြင့်စစ်တပ် ကာကင်းစခန်းအချို့နောက်ဆုတ်ရ

မတ် ၃၀/ ၂၀၂၆

ပလက်ဝ ကြောင်ချောင်းရွာ ဗုံးကြဲခံရမှု အရပ်သား ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရဟု AA ထုတ်ပြန်

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

လွန်ခဲ့သော ၉ နာရီ က

ရခိုင်တွင်ဆရာဝန်အယောင်ဆောင်ကာ  ဆေးကုသနေသူနှစ်ဦးကို AA စစ်ဆေးဖော်ထုတ် အရေးယူ

လွန်ခဲ့သော ၁၈ နာရီ က

ရခိုင်တွင် တစ်လအတွင်း အကြမ်းဖက်စစ်တပ်ဗုံးကြဲ၍ စစ်သုံ့ပန်းနှင့် အရပ်သား ၁၁၇ ဦးသေဆုံး

လွန်ခဲ့သော ၁၈ နာရီ က

မိတ္ထီလာလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ဟု BWM ထုတ်ပြန်

လွန်ခဲ့သော ၂၁ နာရီ က

လူမှုရေးကိစ္စများကို စုပေါင်းဖြေရှင်းရန် တောင်ကိုရီးယားနိုင်ငံရောက် ရခိုင်မှလူဦးရေစာရင်းကို ကောက်ယူနေ

လွန်ခဲ့သော တစ်ရက် က

RAB တပ်ဖွဲ့၏ အထူးစစ်ဆင်ရေးအတွင်း ဒုက္ခသည်စခန်းမှ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

လွန်ခဲ့သော တစ်ရက် က

ထိုင်းနိုင်ငံတွင် မတ်လအတွင်း သက်ငယ်မုဒိမ်းကျူးလွန်မှုဖြင့် မြန်မာနိုင်ငံသား၃ဦး အဖမ်းခံရ

လွန်ခဲ့သော တစ်ရက် က

AA က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား၁၄ဦးကို ပြန်လွှတ်ပေး

လွန်ခဲ့သော တစ်ရက် က

အီရန်စစ်ပွဲကိုရပ်ရန်နှင့် NATO မှ နုတ်ထွက်ရန် စဉ်းစားနေကြောင်း သမ္မတထရမ့် ပြောကြား

လွန်ခဲ့သော ၂ ရက် က

သံတွဲဗုံးကြဲခံရ၍ စစ်ရှောင်အမျိုးသမီးလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရဟု AA ထုတ်ပြန်

ဧပြီ ၀၁/ ၂၀၂၆

မြန်မာ့အရေး ကုလဆုံးဖြတ်ချက် ဗြိတိန် ပူးတွဲထောက်ခံ

ဧပြီ ၀၁/ ၂၀၂၆

မြန်မာဘက်မှကျည် ထိုင်းဘက်သို့ကျရောက်၍ မြန်မာလုပ်သားတစ်ဦးနှင့် ဒေသခံအချို့ ဒဏ်ရာရ

ဧပြီ ၀၁/ ၂၀၂၆

အမ်းမြို့တွင် တရားမဝင်ရောင်းချနေသည့် အရက်နှင့် ဘီယာများကို ဒီလပ်ဖမ်းဆီး

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်