NGO နှင့် INGO (၆)ဖွဲ့ထက်မနည်းက အကြမ်းဖက်သမားများကို ထောက်ပံ့မှုလုပ်နေကြောင်း စစ်ဆေးပေါ်ပေါက်

 4704

အေဝိုင်အီး (NP News) - ဇူလိုင် ၁၇

INGO နှင့် NGO အဖွဲ့(၆)ခုထက်မနည်းကအကြမ်းဖက်သမားများကို ထောက်ပံ့မှုများပြုလုပ် နေကြောင်း ဖော်ထုတ်သိရှိရသည့်အတွက် အသင်းအဖွဲ့အဖြစ်မှ ပယ်ဖျက်အရေးယူလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ(၅)ရက်ကကျင်းပခဲ့သော နစက အစိုးရအဖွဲ့၏အစည်းအဝေးအတွင်း၌ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NGO /INGO များနှင့်ပတ်သက်၍ သတိပေးစကားပြောခဲ့ပြီး အဆိုပါ သတိပေးစကားသည် အရေးယူလိုက်ရသည့်ဖြစ်စဉ်အပြီးတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ INGO ၊ NGO များနှင့်ပတ်သက်၍လည်း အသင်းအဖွဲ့များ စည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ လူမှုအဖွဲ့အစည်းများကိုအကြောင်းပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO၊ NGO နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ “သူမပြောခင်ကတည်းက လူတစ်ယောက်ကို စရဖက ဖမ်းမိတယ်။ အကြမ်းဖက်သမားတွေကို ထောက်ပံ့နေတဲ့လူတစ်ယောက်ကိုမိလို့ စစ်ဆေးလိုက်တဲ့အခါကျတော့ သူက INGO ၊ NGO တွေနဲ့ လက်တွဲလုပ်နေသူဖြစ်နေတယ်။ ပြောရရင် အဖွဲ့(၆)ဖွဲ့လောက်နဲ့ အချိတ် အဆက်ရှိနေတာ” ဟု အစိုးရသတင်းရင်းမြစ်တစ်ဦးက NP News ကို ဇူလိုင် (၉)ရက်တွင်ပြောသည်။ အကြမ်းဖက်သမားများကို ထောက်ပံ့နေသည့်ပုဂ္ဂိုလ်တစ်ဦးကို ဇွန်လကုန်ပိုင်းကတည်းက ဖမ်းဆီးရမိခဲ့ခြင်းမျိုးဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်က ရခိုင်ဘက်ခြမ်းရှိ AA လက်နက်ကိုင်အဖွဲ့များထံ ထောက်ပံ့မှုမျိုးစုံ လုပ်ကိုင်နေသကဲ့သို့ အခြားသော လက်နက်ကိုင်အဖွဲ့များထံ ကူညီထောက်ပံ့ချိတ်ဆက်မှုများ လုပ်ဆောင်နေသူဟု သိရသည်။

"(၆) ဖွဲ့ထဲမှာ နှစ်ဖွဲ့က သက်တမ်းကျန်နေသေးတယ်။ ဆက်လက် လည်ပတ်နေသေးတယ်။ ကျန်တဲ့လေးဖွဲ့က သက်တမ်းထပ်မတိုးဘဲ လှုပ်ရှားနေတာ။ မြို့နယ်အဆင့်က တစ်ဖွဲ့ပဲပါတယ် ရခိုင်ဘက်က။ ကျန်တာတွေက ပြည်ထောင်စုအဆင့်မှတ်ပုံတင်ပြီး လှုပ်ရှားနေသူတွေ ပါ။ အသင်းတွေကိုတော့ ဖျက်ပစ်လိုက်တဲ့အပြင် ပါဝင်တဲ့ အလုပ်အမှုဆောင်တွေကိုတော့ အခြားသော အသင်းတွေ ထပ်ဖွဲ့တာမျိုးလုပ်လို့မရအောင် မြို့နယ်အဆင့်အထိပါ စာထုတ်ပြီး တစ်နိုင်ငံလုံးကို အသိပေးထားတယ်"ဟု သတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။ အကြမ်းဖက်ထောက်ပို့သမားနှင့်ဆက်စပ်၍ ဖျက်သိမ်းပစ်ရသောအသင်းများထဲတွင် ရခိုင်မျိုး ဆက်သစ်အသင်း၊ ဆွေသဟာအသင်း အစရှိသည့် အသင်းများပါဝင်နေကြောင်း၊ အသင်းများကိုယ်တိုင် အကြမ်းဖက်ထောက်ပံ့မှု၌ ပါဝင်ခြင်းရှိမရှိကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ဘက်က အသေးစိတ် စစ်ဆေးနေခြင်းမျိုးဖြစ်ပြီး ဖျက်သိမ်းရမည့်အသင်းကိုသာ ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်း ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “ ဆာဆာကာဝါ ရဲ့အဖွဲ့ဆိုရင်လည်း AA ဘက်ကို ယိမ်းချင်တဲ့သဘော ရှိနေတယ်။ တိုက်ရိုက်တော့ မဟုတ်ပေမယ့် ရခိုင်ဘက်မှာရောက်နေတဲ့ သူတို့ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို မသယ်တော့ဘူး၊ ထားခဲ့လိုက်တော့မယ်ဆိုတာမျိုး ပြောနေတယ်။ သူတို့ထားခဲ့တာကို ယူချင်တဲ့သူ ယူပါစေပေါ့။ အဲဒီမှာက AA တွေပဲ ရှိတော့တာလေ။ AA ကိုပေးခဲ့ ချင်သလိုဖြစ်မနေဘူးလား”ဟု ဆာဆာကာဝါ ၏ နိပွန်ဖောင်ဒေးရှင်းတွင် အလုပ်လုပ်ဖူးသူ သတင်းရင်း မြစ်တစ်ဦးက ဇွန်လကုန်ပိုင်းအတွင်း ရောက်ရှိလာခဲ့သော ဆာဆာကာဝါတို့၏ သဘောထားကို ပြန်လည် ပြောကြားသည်။ ဂျပန် နိပွန်ဖောင်ဒေးရှင်းမှ ဆာဆာကာဝါသည် ဇွန်လကုန်ပိုင်းအတွင်းက မြန်မာနိုင်ငံသို့ရောက်ရှိနေခဲ့သော်လည်း သတင်းထုတ်ပြန်ခြင်းမပြုခဲ့ပေ။ “ NGO တွေက ကြပ်မတ် သင့်တယ်။ မကြပ်လို့လည်းမရဘူး။ ဒီကောင်တွေက တစ်ဖက်လှည့်နဲ့ ဟိုဘက်ကိုထောက်ပံ့လေ့ရှိ တယ်” ဟု သတင်းရင်းမြစ်က ထုတ်ဖော်အသိပေးသည်။ မြန်မာနိုင်ငံတွင်း၌ မှတ်ပုံတင်ရသော NGO ၊ INGO များရှိသကဲ့သို့ မှတ်ပုံတင်စရာမလိုသော UN အောက်မှ လာသည့်အဖွဲ့များလည်းရှိနေကြောင်း ကြားသိရသည်။ ၂၀၂၁ နိုင်ငံရေးပြဿနာမပေါ်ပေါက်မီအထိ နိုင်ငံတွင်း၌ NGO မျိုးစုံ ၁၆၀ဝ ထက်မနည်းရှိထားပြီး ယင်းတို့အထဲမှ ရာဂဏန်းသာလျှင် နစက၏ လက်အောက်၌ ပြန်လည်မှတ်ပုံတင်ခြင်းများလုပ်ဆောင်ထားကာ အချို့သောအသင်းများမှာမူ နစကကို မထီမဲ့မြင်ပြု၍ နေနေကြသည်။ သိသာထင်ရှားသော ဥပမာတစ်ခုအဖြစ် သဘင်အစည်းအရုံးကဲ့သို့သော အသင်းသည် ဥက္ကဋ္ဌဖြစ်သူ ကိုယ်တိုင်က နိုင်ငံရေး လှုပ်ရှားထောက်ပံ့သူဖြစ်ခဲ့သည့်တိုင် အရေးယူခြင်း မခံရသည့်အပြင် အသင်း မှတ်ပုံပြန်တင်ရေးအတွက်လည်း မထီမဲ့မြင် ပြုနေသည်ကို ပြန်လည်ကြားသိနေရသည်။

zawgyi version
NGO ႏွင့္ INGO (၆)ဖြဲ႕ထက္မနည္းက အၾကမ္းဖက္သမားမ်ားကို ေထာက္ပံ့မႈလုပ္ေနေၾကာင္း စစ္ေဆးေပၚေပါက္
ေအဝိုင္အီး (NP News) - ဇူလိုင္ ၁၇

INGO ႏွင့္ NGO အဖြဲ႕(၆)ခုထက္မနည္းကအၾကမ္းဖက္သမားမ်ားကို ေထာက္ပံ့မႈမ်ားျပဳလုပ္ ေနေၾကာင္း ေဖာ္ထုတ္သိရွိရသည့္အတြက္ အသင္းအဖြဲ႕ အျဖစ္မွ ပယ္ဖ်က္အေရးယူလိုက္ၿပီ ျဖစ္ေၾကာင္း သတင္းရရွိသည္။

ဇူလိုင္လ(၅)ရက္ကက်င္းပခဲ့ေသာ နစက အစိုးရအဖြဲ႕၏အစည္းအေဝးအတြင္း၌ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က NGO /INGO မ်ားႏွင့္ပတ္သက္၍ သတိေပးစကားေျပာခဲ့ၿပီး အဆိုပါ သတိေပး စကားသည္ အေရးယူလိုက္ရသည့္ျဖစ္စဥ္အၿပီးတြင္ ေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရ သည္။ INGO ၊ NGO မ်ားႏွင့္ပတ္သက္၍လည္း အသင္းအဖြဲ႕မ်ား စည္းကမ္းႏွင့္အညီ စိစစ္ေဆာင္႐ြက္ ရန္လိုအပ္ေၾကာင္း၊ လူမႈအဖြဲ႕အစည္းမ်ားကိုအေၾကာင္းျပကာ စည္းကမ္းေဖာက္ဖ်က္မႈမ်ားရွိသျဖင့္ INGO၊ NGO ႏွင့္ပတ္သက္၍ စိစစ္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။ “သူမေျပာခင္ကတည္းက လူတစ္ေယာက္ကို စရဖက ဖမ္းမိတယ္။ အၾကမ္းဖက္သမားေတြကို ေထာက္ပံ့ေနတဲ့လူတစ္ေယာက္ကိုမိလို႔ စစ္ေဆးလိုက္တဲ့အခါက်ေတာ့ သူက INGO ၊ NGO ေတြနဲ႔ လက္တြဲလုပ္ေနသူျဖစ္ေနတယ္။ ေျပာရရင္ အဖြဲ႕(၆)ဖြဲ႕ေလာက္နဲ႔ အခ်ိတ္ အဆက္ရွိေနတာ” ဟု အစိုးရသတင္းရင္းျမစ္တစ္ဦးက NP News ကို ဇူလိုင္ (၉)ရက္တြင္ေျပာသည္။ အၾကမ္းဖက္သမားမ်ားကို ေထာက္ပံ့ေနသည့္ပုဂၢိဳလ္တစ္ဦးကို ဇြန္လကုန္ပိုင္းကတည္းက ဖမ္းဆီးရမိခဲ့ျခင္းမ်ိဳးျဖစ္ၿပီး အဆိုပါပုဂၢိဳလ္က ရခိုင္ဘက္ျခမ္းရွိ AA လက္နက္ကိုင္အဖြဲ႕မ်ားထံ ေထာက္ပံ့မႈမ်ိဳးစုံ လုပ္ကိုင္ေနသကဲ့သို႔ အျခားေသာ လက္နက္ကိုင္အဖြဲ႕မ်ားထံ ကူညီေထာက္ပံ့ခ်ိတ္ဆက္မႈမ်ား လုပ္ေဆာင္ေနသူဟု သိရသည္။

"(၆) ဖြဲ႕ထဲမွာ ႏွစ္ဖြဲ႕က သက္တမ္းက်န္ေနေသးတယ္။ ဆက္လက္ လည္ပတ္ေနေသးတယ္။ က်န္တဲ့ေလးဖြဲ႕က သက္တမ္းထပ္မတိုးဘဲ လႈပ္ရွားေနတာ။ ၿမိဳ႕နယ္အဆင့္က တစ္ဖြဲ႕ပဲပါတယ္ ရခိုင္ဘက္က။ က်န္တာေတြက ျပည္ေထာင္စုအဆင့္မွတ္ပုံတင္ၿပီး လႈပ္ရွားေနသူေတြ ပါ။ အသင္းေတြကိုေတာ့ ဖ်က္ပစ္လိုက္တဲ့အျပင္ ပါဝင္တဲ့ အလုပ္အမႈေဆာင္ေတြကိုေတာ့ အျခားေသာ အသင္းေတြ ထပ္ဖြဲ႕တာမ်ိဳးလုပ္လို႔မရေအာင္ ၿမိဳ႕နယ္အဆင့္အထိပါ စာထုတ္ၿပီး တစ္ႏိုင္ငံလုံးကို အသိေပးထားတယ္"ဟု သတင္းရင္းျမစ္က အတည္ျပဳေျပာၾကားသည္။ အၾကမ္းဖက္ေထာက္ပို႔သမားႏွင့္ဆက္စပ္၍ ဖ်က္သိမ္းပစ္ရေသာအသင္းမ်ားထဲတြင္ ရခိုင္မ်ိဳး ဆက္သစ္အသင္း၊ ေဆြသဟာအသင္း အစရွိသည့္ အသင္းမ်ားပါဝင္ေနေၾကာင္း၊ အသင္းမ်ားကိုယ္တိုင္ အၾကမ္းဖက္ေထာက္ပံ့မႈ၌ ပါဝင္ျခင္းရွိမရွိကို စစ္ဘက္ေရးရာလုံၿခဳံေရးအဖြဲ႕ဘက္က အေသးစိတ္ စစ္ေဆးေနျခင္းမ်ိဳးျဖစ္ၿပီး ဖ်က္သိမ္းရမည့္အသင္းကိုသာ ျပည္ထဲေရးဝန္ႀကီးဌာနထံ အေၾကာင္း ၾကားစာ ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ “ ဆာဆာကာဝါ ရဲ႕အဖြဲ႕ဆိုရင္လည္း AA ဘက္ကို ယိမ္းခ်င္တဲ့သေဘာ ရွိေနတယ္။ တိုက္႐ိုက္ေတာ့ မဟုတ္ေပမယ့္ ရခိုင္ဘက္မွာေရာက္ေနတဲ့ သူတို႔ရဲ႕ ေထာက္ပံ့ေရးပစၥည္းေတြကို မသယ္ေတာ့ဘူး၊ ထားခဲ့လိုက္ေတာ့မယ္ဆိုတာမ်ိဳး ေျပာေနတယ္။ သူတို႔ထားခဲ့တာကို ယူခ်င္တဲ့သူ ယူပါေစေပါ့။ အဲဒီမွာက AA ေတြပဲ ရွိေတာ့တာေလ။ AA ကိုေပးခဲ့ ခ်င္သလိုျဖစ္မေနဘူးလား”ဟု ဆာဆာကာဝါ ၏ နိပြန္ေဖာင္ေဒးရွင္းတြင္ အလုပ္လုပ္ဖူးသူ သတင္းရင္း ျမစ္တစ္ဦးက ဇြန္လကုန္ပိုင္းအတြင္း ေရာက္ရွိလာခဲ့ေသာ ဆာဆာကာဝါတို႔၏ သေဘာထားကို ျပန္လည္ ေျပာၾကားသည္။ ဂ်ပန္ နိပြန္ေဖာင္ေဒးရွင္းမွ ဆာဆာကာဝါသည္ ဇြန္လကုန္ပိုင္းအတြင္းက ျမန္မာႏိုင္ငံသို႔ေရာက္ရွိေနခဲ့ေသာ္လည္း သတင္းထုတ္ျပန္ျခင္းမျပဳခဲ့ေပ။ “ NGO ေတြက ၾကပ္မတ္ သင့္တယ္။ မၾကပ္လို႔လည္းမရဘူး။ ဒီေကာင္ေတြက တစ္ဖက္လွည့္နဲ႔ ဟိုဘက္ကိုေထာက္ပံ့ေလ့ရွိ တယ္” ဟု သတင္းရင္းျမစ္က ထုတ္ေဖာ္အသိေပးသည္။ ျမန္မာႏိုင္ငံတြင္း၌ မွတ္ပုံတင္ရေသာ NGO ၊ INGO မ်ားရွိသကဲ့သို႔ မွတ္ပုံတင္စရာမလိုေသာ UN ေအာက္မွ လာသည့္အဖြဲ႕မ်ားလည္းရွိေနေၾကာင္း ၾကားသိရသည္။ ၂၀၂၁ ႏိုင္ငံေရးျပႆနာမေပၚေပါက္မီအထိ ႏိုင္ငံတြင္း၌ NGO မ်ိဳးစုံ ၁၆၀ဝ ထက္ မနည္းရွိထားၿပီး ယင္းတို႔အထဲမွ ရာဂဏန္းသာလွ်င္ နစက၏လက္ေအာက္ ၌ ျပန္လည္မွတ္ပုံတင္ျခင္းမ်ားလုပ္ေဆာင္ထားကာ အခ်ိဳ႕ေသာအသင္းမ်ားမွာမူ နစကကို မထီမဲ့ျမင္ျပဳ၍ ေနေနၾကသည္။ သိသာထင္ရွားေသာ ဥပမာတစ္ခုအျဖစ္ သဘင္အစည္းအ႐ုံးကဲ့သို႔ေသာ အသင္းသည္ ဥကၠ႒ျဖစ္သူ ကိုယ္တိုင္က ႏိုင္ငံေရး လႈပ္ရွားေထာက္ပံ့သူျဖစ္ခဲ့သည့္တိုင္ အေရးယူျခင္း မခံရသည့္အျပင္ အသင္း မွတ္ပုံျပန္တင္ေရးအတြက္လည္း မထီမဲ့ျမင္ ျပဳေနသည္ကို ျပန္လည္ၾကားသိေနရသည္။

Related news

© 2021. All rights reserved.